ဒိုင်ယာရီစာအုပ်ထဲက..လေပြေ

ဘဝမှာ နာကျည်းစရာအဖြစ်အပျက်လေးတစ်ခုကြောင့် အချစ်ကိုစိတ်ပျက်ပြီး..အေးအေးချမ်းချမ်းပဲ နေချင်တော့တဲ့ “လေပြေ”ဆိုတဲ့...သူ့ရဲ့ ဒိုင်ယာရီလေးပါ..အေးအေးချမ်းချမ်းပဲ နေချင်တော့တဲ့ “သူ”...လူတွေနဲ့စကားမပြောချင်တော့လောက်အောင်..“သူ”စိတ်ပျက်ခဲ့တယ်..၊
ဒါကြောင့် ကွန်ပျူတာနဲ့ပဲ “သူ”စကားပြောတယ်..သစ်ပင်တွေကိုကြည့်တယ်..ပန်းတွေကိုကြည့်တယ်..၊ငှက်ကလေးတွေကိုကြည့်တယ်..၊တရိစ္ဆာန်တွေကိုကြည့်တယ်..၊ သူ့အသဲက ကွဲသွားတာမဟုတ်ဘူး...မာသွားတာ...တဲ့.။“သူ”က..ဥပမာလေးတစ်ခုကိုပြောပြတယ်...ဥပမာ။ ။ ကျောက်ရောဂါ ကာကွယ်ဆေး ဆိုပါတော့၊...အမှန်တစ်ကယ်တော့ အဲဒီကာကွယ်ဆေးဟာ ကျောက်ရောဂါပိုး တွေကို ခန္ဓာကိုယ်ထဲ ထိုးထည့်လိုက်တာပဲ၊ ပမာဏ နည်းနည်းပေါ့၊ အဲဒီမှာတင် ခန္ဓာကိုယ်က ပဋိဇီဝ လှုံ့ဆော်မှုဖြစ်ပြီး အဲဒီကျောက်ရောဂါပိုးနည်းနည်းကလေးကို သတ်ပစ်လိုက်တယ်၊ တပ်လှန့်လိုက်တဲ့သဘောပေါ့၊နောက်ဝင်လာမယ့် ကျောက်ရောဂါပိုးအတွက်ခန္ဓာကိုယ်က ကြိုတင်ပြင်ဆင်ထားလိုက်တယ်လေ၊ ...ဒါကြောင့်နောက်ထပ်ကျောက်ရောဂါပိုးကူးစက်လာခဲ့ရခန္ဓာကိုယ်က အလွယ်တစ်ကူ ရှင်းပစ်လိုက်နိုင်တယ်။အဲဒါကြောင့်...ကာကွယ်ဆေးထိုးထားတဲ့သူတစ်ယောက်ဟာ...ကျောက်ရောဂါကို ခံစားရမှာ မကြောက်ရတော့ဘူးပေါ့ ”..တဲ့...“လေပြေ”ရဲ့အချစ်က...အီဂျစ်ဒဏ္ဍာရီထဲက ဖီးနစ်ငှက်လိုပါပဲ...သူကတော့ ခဏခဏ မီးလောင်တတ်တယ်..သံယောဇဉ်ကတော့ မီးမလောင်တတ်ဘူး၊ “သူ”မှာ ချစ်တတ်တဲ့ နှလုံးသား ရှိသေးပေမယ့် အချစ်သစ်မွေးဖွားဖို့အတွက် လွယ်လွယ်ကူကူတော့ ဖြစ်လာနိုင်စရာအကြောင်း တော်တော်နည်းသွားလိမ့်မယ်...တဲ့လေ....။မချစ်တတ်တော့တာမဟုတ်ဘူး...ချစ်တတ်တယ်..၊မြတ်နိုးတတ်တယ်...သံယောဇဉ်ရှိတတ်တယ်...ကရုဏာထားတတ်တယ်။ ဒါပေမယ့် “သူ” တန်ဘိုးထားတာ...အချစ်ကိုမဟုတ်တော့ဘူး၊ “သူ”တန်ဘိုးထားတာသံယောဇဉ်၊ မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ၊ မုဒိတာတွေပါပဲ...။ “သူ့”ရဲ့ နူးညံ့တဲ့နှလုံးသားကို လူမြင်မှာစိုးလို့ အင်မတန် ရုပ်ဆိုးတဲ့ ကျောက်တုံးထဲမှာ ထည့်ဝှက်ထားရတယ်...။နူးညံ့တဲ့နှစ်လုံးသားကို လူမြင်သွားရင် “သူ့” ရဲ့အချစ်ကို စော်ကားကြလိမ့်မယ်၊...ရိုးသားတဲ့နှလုံးသားကို လူမြင်သွားရင်..လိမ်ကြလိမ့်မယ်၊အပျော်တမ်းအသုံးပြုကြလိမ့်မယ်...“သူ”ကြောက်နေတယ်..၊ ဒါကြောင့် ကျောက်တုံးထဲ ထည့်ဝှက်ထားပြီး..“သူ့”ရဲ့အပြုအမူနဲ့ လေသံတွေက ကျောက်တုံးလိုပဲ အေးစက်မာကျောနေလိမ့်မယ်..။မြင်တတ်တဲ့သူ ဖွင့်ယူနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် လွယ်လွယ်နဲ့တော့ ရနိုင်မှာ မဟုတ်တော့ဘူးနှလုံးသားလေးက အချစ်ကို သိပ်ကြောက်နေပြီ...တဲ့လေ....။အချစ်ကိုကြောက်နေပြီဖြစ်တဲ့ “လေပြေ”ဆိုတဲ့ “သူ့”ရဲ့ ဒိုင်ယာရီစာအုပ်ကလေးကို...ပင်လယ်ကမ်းစပ် သဲသောင်ပြင်တစ်နေရာက..ကောက်ရခဲ့ခြင်းဖြစ်ပါသည်...။အဲဒီဒိုင်ယာရီစာအုပ်လေးထဲက ...သူ့ရဲ့ခံစားချက်လေးတစ်ချို့ကို တင်ပြလိုက်ခြင်းဖြစ်ပါသည်..။