သုံးရာသီ အချစ်

သူနဲ့ စပြီး ဆုံတုန်းကပေါ့...

ရွက်ကြွေတွေ မြေခ

ပူပြင်းလှတဲ့ နွေနေ့ခင်းမှာ

ကြေမွနေတဲ့ ...မောင့်ရင်ခွင်ထဲ

အရိပ်မိုးလို့
ယုယကြင်နာ

စေတနာတွေနဲ့

အမောင့်အပါးကိုရောက်လာခဲ့တဲ့...“သူမ”

ပါးထက်က ပါးကွက်လေး...

မောင့်ရင်ကိုအေးစေခဲ့တယ်...

ပိတုန်းရောင်ဆံကေသာနဲ့

မြန်မာသူပြီသပါဘိ

ဣနြေ္ဒရှင် သူ့အလှကြောင့်

မဆုံးနိုင်တဲ့ မောင့်အကြည့်

သတိတွေတောင်...မေ့ခဲ့ရတယ်...

မျက်လုံးချင်းဆုံ...သူမကိုပြုံးအပြ

သူမ ခေါင်းလေးငုံ့သွားခိုက်..

ဖြုတ်ခနဲ ကြွေကျသွားတဲ့

သူမရဲ့ဆံကေသာပေါ်က

နီရဲရဲနှင်းဆီတစ်ပွင့်ကြောင့်

အဲဒီနေ့က.“စ”လို့

နေ့တိုင်းမက်ခဲ့ရတဲ့

မောင့်ရဲ့

“နှင်းဆီနီ အိပ်မက်”

တစ်ကယ်လက်တွေသာ..ဖြစ်ပါရစေ..။




0 Responses